Hakkenden (2024)
Action , Drama , History
IMDb: 5.9/10
**********
ဒီဇာတ်ကားမှာတော့ Hakkenden ဆိုတဲ့ စစ်သည်တော်ရှစ်ယောက်အကြောင်းကို Baki ဆိုတဲ့လူတစ်ယောက်က ဇာတ်လမ်းရေးဆွဲနေတဲ့ပုံစံနဲ့ ဖန်တီးထားတာပါ.. သူဟာ လောကကြီးရဲ့ တရားမမျှတမှုတွေကို စိတ်ကုန်နေတဲ့အတွက် သူ့၀တ္ထုတွေထဲမှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဇာတ်သိမ်းမျိုးတွေနဲ့ပဲ လူတွေကို ဖတ်စေချင်တဲ့ လူတစ်ယောက်ပါ.. ဒီမှာက သူဟာ Hakkenden ဇာတ်လမ်းကို သူ့ဘ၀တစ်လျှောက်လုံးအကောင်းဆုံးဖြစ်အောင် ဖန်တီးရေးသားနေပြီး ဒီစာရေးဆရာအလုပ်ကိုပဲ လုပ်ကိုင်နေတဲ့အတွက် ၀င်ငွေလည်းကောင်းကောင်းမရှိပဲ မိန်းမဖြစ်သူရဲ့ ဆူပူနေခြင်းကို အမြဲခံနေရတဲ့သူပါ.. အဲ့အတွက် သားဖြစ်သူကိုတော့ မင်းစိုးမင်းနွယ်နား ခစားရတဲ့ သမားတော်ဖြစ်စေချင်နေတာပါ.. သားကလည်း အဖေရဲ့အနုပညာကို လေးစားပြီး အဖေဖြစ်သူရေးနေတဲ့ Hakkenden ဇာတ်လမ်းကို ပြီးစီးအောင် ကူညီဆောင်ရွက်ပေးနေတာပါ.. ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ Bakin လည်း အိုမင်းလာပြီး မျက်လုံးကွယ်လုစဲစဲ ဖြစ်လာတဲ့အပြင် သားဖြစ်သူပါ ရောဂါစွဲကပ်ပြီး ဆုံးပါးသွားပါတယ်.. အဲ့မှာတင် Hakkenden ဇာတ်လမ်းလည်း မပြီးစီး သားဖြစ်သူပါ ဆုံးပါးသွားတဲ့အတွက် Bakin လည်း စိတ်ဓာတ်တွေကျသွားပါတော့တယ်.. ဒါကိုမြင်တွေ့ရတဲ့ သမီးဖြစ်သူကလည်း သူ ကူညီရေးသားချင်တယ်လို ပြောပေမယ့်လည်း သမီးဖြစ်သူက စာကိုကောင်းကောင်းမရေးနိုင်ပါဘူး.. ဒီလိုနဲ့ Bakin တစ်ယောက် သားဖြစ်သူလည်းသေ မိန်းမဖြစ်သူကလည်း မကြည်တဲ့ဒုက္ခတွေကြားမှာ သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ Hakkenden ဇာတ်လမ်းကို ပြီးစီးအောင်ရေးသွားနိုင်မလား.. Anime ထဲက Hakkenden ကို ဒီ Live action မှာ ဘယ်လိုပုံဖော်ထားလဲဆိုတာ..