" ရေသူမလေးရဲ့လျှိဝှက်စွန့်စားခန်း,,
Zac ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက Mako ကျွန်းမှာ အခြေချဖိုဆုံးဖြတ်ခဲ့တယ်။
အဲ့ဒီကျွန်းမှာ ရေသူမလေးသုံးယောက်ဖြစ်တဲ့
Sirenal ,Nixie , Lyla ဆိုတဲ့ ရေသူမလေးတွေက သူ့ကိုစောင့်ကြည့်နေတာကို မသိခဲ့ဘူး။
လပြည့်ကျော်ညတစ်ညမှာ Zac က မှော်ဆန်တဲ့ပင်လယ်ရေနဲ့ ထိတွေ့ခဲ့ပြီးတော့
နောက်တစ်နေ့မနက်မှာ Zac ဟာ သူ့မှာ ရေကိုထိန်းချုပ်နိုင်တဲ့ စွမ်းအင်ရှိတယ်ဆိုတာကိုသိရှိသွားခဲ့တယ်။
နောက်ပိုင်းမှာ Zac ဟာမတော်တဆရေထဲပြုတ်ကျသွားတဲ့အခါမှာ ငါးတွေရဲ့အမြီးလိုဖြစ်လာတာကိုသတိထားမိလိုက်တယ် (ရေသူထီးဖြစ်သွားတာ)
Zac ရဲ့ရေသူထီးစွမ်းအင်တွေက ရေသူမတွေအတွက် ပြဿနာတစ်ခုဖြစ်လာပါတော့တယ်။
Zacကို ကျွန်းကိုလည်ပတ်ခွင့်ပေးပြီးတဲ့နောက်မှာတော့ ရေသူမသုံးယောက်ဟာ ကုန်းမြေပေါ်မှာ နေထိုင်ဖိုစိတ်အားထက်သန်နေပါတော့တယ်။
Zac ရဲ့စွမ်းအင်တွေကို ဖယ်ရှားပြီး တော့ ရေသူမသုံးယောက်ဟာ လူသားတွေကြားမှာ နေထိုင်ဖိုသင်ယူပါတော့တယ်။
ရေသူမလေးတွေဖြစ်တဲ့ သူမတိုသုံးယောက်ဟာ လူသားတွေနဲ့ အဆင်ပြေအောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကိုတော့ ဇာတ်လမ်းတွေထဲမှာ ကြည့်လိုက်ရအောင်နော်a