Burning (2018)
Drama , Mystery , Thriller
IMDb: 7.4/10
**********
အီဂျုံဆူ (Yoo Ah-In)ဟာ စာရေးဆရာဖြစ်ဖို့ ရည်မှန်းထားပေမဲ့ လက်တွေ့မှာတော့ အချိန်ပိုင်းအလုပ်တွေ လုပ်ရင်းနဲ့ ဘဝကို ရုန်းကန်နေရတဲ့ ဆင်းရဲသားလူငယ်လေးတစ်ဦးပါ။ တစ်နေ့မှာတော့ ငယ်စဥ်က အိမ်နီးချင်းဖြစ်ခဲ့တဲ့ သူငယ်ချင်းဟောင်း ဟယ်မီ(Jeon Jong-Seo)နဲ့ အမှတ်မထင် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ဟယ်မီဟာ အာဖရိကသို့ ခရီးထွက်ဖို့ အစီအစဥ်ရှိနေခဲ့ပြီး ခရီးစဥ်အတောအတွင်းမှာ သူ့ကြောင်လေးကို ခေတ္တကြည့်ထားပေးဖို့ ဂျုံဆူကို အကူအညီတောင်းခဲ့ပါတယ်။ ဟယ်မီ အာဖရိကကနေ ပြန်လာတဲ့အခါမှာတော့ ဘန်(Stenven Yeun)လို့ခေါ်တဲ့ ချမ်းသာကြွယ်ဝပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ဦးကို သူမနဲ့အတူ ခေါ်လာခဲ့ပါတယ်။ ဘန်ဟာ အလုပ်အကိုင်အတိအကျမရှိဘဲ ခမ်းနားတဲ့ နေထိုင်မှုပုံစံနဲ့ နေသူတစ်ဦးပါ။ ဒီလိုနဲ့ သူတို့ သုံးယောက်သား ခင်မင်ရင်းနှီးလာကြပြီးနောက် တစ်နေ့မှာတော့ ဟယ်မီဟာ ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားပြီး ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ဂျုံဆူတစ်ယောက် ဟယ်မီ ပျောက်ဆုံးသွားတာဟာ ဘန်နဲ့သက်ဆိုင်နေတယ်လို့ အခိုင်အမာ ယုံကြည်ပြီး သံသယကြီးကြီးနဲ့ စတင်စုံစမ်းပါတော့တယ်။ ဟယ်မီတစ်ယောက် ဘယ်ရောက်သွားတာလဲ.. ဘန်ကရော ဟယ်မီရဲ့ပျောက်ဆုံးမှုနဲ့ တကယ်ပဲ ဆက်စပ်မှု ရှိနေတာလား.. ဂျုံဆူတစ်ယောက် အမှန်တရားကို ရှာဖွေရင်း သူ့ရဲ့စိတ်စွဲလမ်းမှုတွေက သူ့ကို ဘယ်ဆီကို တွန်းပို့သွားမလဲဆိုတာ..