Under Ninja (2025)
Action , Comedy
IMDb: 5.8/10
**********
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က ဖျက်သိမ်းခံလိုက်ရတဲ့ နင်ဂျာအဖွဲ့တွေထဲမှာ NIN ဆိုတဲ့ နင်ဂျာအဖွဲ့တစ်ခုကတော့ မြေအောက်အဖွဲ့အနေနဲ့ လျှို့ဝှက်စွာ ဆက်လက်ဖွဲ့စည်းပြီး လက်ရှိကာလအထိ လုပ်ကိုင်နေခဲ့ပြီး အဲဒီ NIN အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို UNDER NINJA (UN) ဆိုတဲ့ နင်ဂျာအဖွဲ့က စိန်ခေါ်တိုက်ခိုက်လာပါတော့တယ်။ သတင်းအရ UN အဖွဲ့ထဲက ခုမိုဂါခုရဲ ကူရိုဆိုတဲ့သူကို NIN တွေ စိမ့်ဝင်နေတဲ့ အထက်တန်းကျောင်းကို ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခဲ့တဲ့အခါမှာတော့ အထီးကျန် ပျင်းရိနေတဲ့ ကူရို တစ်ယောက် အထက်တန်းကျောင်းသားအဖြစ် ဟန်ဆောင်ပြီး ကျောင်းပြန်တက်ရပါတော့တယ်။ ကျောင်းမှာ ရန်ဘက်နင်ဂျာတွေနဲ့ အတန်းဖော်သူငယ်ချင်းတွေအကြား ခုမိုဂါခုရဲ ကူရိုတစ်ယောက် သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလား.. NIN နဲ့ UN နင်ဂျာအဖွဲ့ကြားမှာ ဘယ်အဖွဲ့က အနိုင်ရသွားမလဲ..