Dongji Rescue (2025)
Action , Drama , Thriller
IMDb: 6.0/10
**********
အပြင်လက်တွေ့ဘဝမှာလည်း စွန့်စားရတာကြိုက်တဲ့ Wu Lei ဟာ ဒီဇာတ်ကားမှာလဲ တံငါရွာလေးက ပင်လယ်ရေမှာ
ကျွမ်းကျင်တဲ့ ကျွန်းသားလေးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်ထားပြီးတော့ Zhu Yi Long နဲ့ Ni Ni တို့ရဲ့ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်..
ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းကာလမှာ အင်္ဂလိပ်စစ်သုံ့ပန်း အပြည့်တင်လာတဲ့ ဂျပန်ကုန်တင်သင်္ဘောတစ်စီးဟာ တရုတ်နိုင်ငံ ကျိုးရှန်းကျွန်းစုအနီးမှာ ထိခိုက်သွားပြီး နစ်မြှုပ်နေပါတယ်။ အဲဒီသင်္ဘောပေါ်မှာ တစ်ထောင်ကျော်တဲ့ အင်္ဂလိပ်စစ်သုံ့ပန်းတွေကို ဂျပန်တွေက ပိတ်လှောင်ထားပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ တုံးကျိကျွန်းလေးပေါ်က တံငါသည်တစ်စုက ဂျပန်တွေရဲ့ ခြိမ်းခြောက်မှုကိုဂရုမစိုက်ပဲ သတ္တိရှိရှိနဲ့ အရှေ့ကိုထွက်လာခဲ့ပါတယ်။ သူတို့အရိုးထဲမှာစွဲနေတဲ့ ကြင်နာမှု၊ ရိုင်းစိုင်းမှုနဲ့ သွေးဆာမှုတွေနဲ့ လှိုင်းလုံးတွေကြားမှာ ဒုက္ခရောက်နေတဲ့ စစ်သုံ့ပန်းတွေအတွက် အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းက တံငါသည်တွေ ဗြိတိသျှစစ်သုံ့ပန်းတွေကို ကယ်တင်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်..