========================
နေပြည်တော်၊ ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၅၇ လမ်းနှင့် ၃၄ လမ်းကြားရှိ မြို့နယ်လျှပ်စစ်ရုံးအား ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါဗုံးမှာ ရုံးရှေ့သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိဘဲ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ၅၇ လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ၅၇ လမ်းနှင့် ၃၅ လမ်းအရောက်၌ အသင့်တာဝန်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့နှင့် အနီးပတ်ဝန်းကျင်ရှိ အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူလူထုများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ အမျိုးသား ၂ ဦးအနက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ရွှေဟင်္သာလမ်းနေ နေလင်းအောင်(၄၀)နှစ် (ဘ)ဦးဝင်းအောင်အား ၎င်းစီးနင်းလာသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်တူးဘောက်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၃ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ၎င်းနှင့်အတူ ပါဝင်သူ လွင်မိုး ဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ဆက်လက်၍ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ တရားခံ လွင်မိုးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကန်ကောက်ရပ်ကွက် ကန်ကောက်ကွက်သစ်လမ်း၌ တရားခံ လွင်မိုး(၂၅)နှစ် (ဘ)ဦးသန်းလွင်အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Присоединяйтесь — мы покажем вам много интересного
Присоединяйтесь к ОК, чтобы подписаться на группу и комментировать публикации.
Нет комментариев