မြန်မာနိုင်ငံဟာ အစိမ်း အနီ နှစ်ခြမ်းကွဲသွားဘီ။ ဒါကို အရှိအတိုင်း လက်ခံကြရပါတော့မယ်။
အရင်းခံကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီ ကြောင့်ပါပဲ။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၇၀ ကျော် စစ်ယန္တယား နဲ့ လည်ပတ် ရပ်တည်လာခဲ့တယ်ဆိုတာ တလောကလုံးအသိ ဖြစ်တယ်။ ၁၉၅၈ နဲ့ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတယ်။ မျက်မြင်မှာ စစ်တပ်မကောင်းဘူးလို့ ပြောကြတယ်။ မျက်မြင်အရ စစ်တပ်မကောင်းတာကို မငြင်းလိုပါ။ ဒါပေမဲ့ မကောင်းပါဘူးဆိုတဲ့ စစ်တပ် ရပ်တည်နေနိုင်အောင် ဘယ်အရာတွေက အထောက်အပံ့ ဖြစ်ခဲ့ပါသလဲ။ မိမိတို့ဖက် ပါတ်လာမဲ့ ဒီမေးခွန်းကိုတော့ ဖြေချင်သူ ရှားပါလိမ့်မယ်။
စစ်တပ်ကောင်းပါတယ်လို့ ဘယ်တုံးကမှ မိုးစက် မရေးခဲ့ဖူးသေးဘူး။ ထိုနည်းတူစွာ အရပ်သား နိုင်ငံရေးသမားတွေ ဘက်ကကော ကောင်းခဲ့သလားဆိုတာ ပြန်ပီး သုံးသပ်ကြည့်ပါ။ ကောင်းခဲ့ကြတာ မဟုတ်ပါဘူး။ ကလိမ်ကကျစ်နဲ့ အခွင့်အရေးသမားတွေချည်းပါပဲ။
၁၉၅၈ ၁၉၆၂ ဖြစ်စဉ်ဟာ ဖဆပလ နဲ့ ဦးနု အသုံးမကျလို့ ဖြစ်လာတဲ့ ပြဿနာတွေကို မရှင်းနိုင်ကြတော့တဲ့ အဆုံး၊ တိုင်းပြည်ကို နိုင်ငံရေးပြဿနာတွေ နဲ့ရောပီး စစ်တပ်လက်ထဲ ထိုးအပ်ကြတဲ့ ဇာတ်ထုတ်ပါ။ မြန်မာ့နိုင်ငံရေးဟာ ဒီလောက် မရှုပ်ပါဘူး။ အလွန်ရှင်းလင်းပါတယ်၊ အခု ၂၀၂၁ ပြဿနာလဲ ထိုနည်း၎င်းပါပဲ။
NLD ဟာ အပြင်ကကြည့်လို့သာ ငြိမ်နေပေမဲ့ အထဲမှာတော့ ပြဿနာတွေ ရှုပ်နေပါတယ်။ နာမယ်သာ ဒီမိုကရေစီ အမည်ခံထားပေမဲ့ လွှတ်ပေးလို့ မရ။ ပါတီတွင်းမှာ ဗဟိုဦးစီးစံနစ်နဲ့ ပြားနေအောင် ဖိထားရပါတယ်။
ဒါတွေကိုသူတို့ ရေရှည် ကိုင်တွယ်ဖို့ အခက်အခဲ ရှိလာပါတယ်။ ဒါကြောင့် ဦးနုလမ်းစဉ်ကိုလိုက်ပီး အရှုပ်ထုတ်ကို စစ်တပ်လက်ထဲ ထိုးအပ်လိုက်တာပါ။
ဖဆပလ ထက် NLD ယုတ်မာတဲ့ အချက်က၊ ပြဿနာ အရှုပ်ထုတ်ကို စစ်တပ်လက်ထဲ ထိုးထည့်ရုံမျှမက တိုင်းပြည်ကိုပါ နှစ်ခြမ်း ခွဲခဲ့တဲ့ကိစ္စပါ။
ဖဆပလ က စစ်တပ်ကို အာဏာအပ်တုံးက တိုင်းပြည်ကို နှစ်ခြမ်း မခွဲခဲ့ပေမဲ့ NLD က စစ်တပ်ကို အာဏာအပ်တော့ တိုင်းပြည်ကို နှစ်ခြမ်း ခွဲခဲ့တယ်။
စစ်တပ်က အာဏာသိမ်းပါတယ်လို့ပြောသူဟာ နိုင်ငံရေး သင်ပုန်း မကျေတဲ့သူသာ ဖြစ်တယ်။
၂၀၂၁ ဇန္နဝါရီလ ဒုတိယ လဝက်နောက်ပိုင်းကစလို့ NLD ထိပ်ပိုင်းခေါင်းဆောင်အားလုံးဟာ စစ်တပ်ဖက်က အာဏာသိမ်းနိုင်တဲ့ အခြေအနေ ၉၅ ရာခိုင်နှုံး ရှိတယ်ဆိုတာ သိခဲ့ကြပြီး ဖြစ်တယ်။
ဒါဆိုလျှင် ဘာကြောင့် အာဏာသိမ်းတဲ့ ဖြစ်စဉ်အထိ တိုင်းပြည်ကို အရောက်ခံခဲ့ကြတာလဲ။
အပေးအယူ အလျှော့အတင်း မလုပ်ချင်ရင် နိုင်ငံရေးမလုပ်ပါနဲ့။ အာဏာရှင်လုပ်ပါ… ဒါပဲရှိတယ်။ NLD ဟာ စစ်အုပ်စုကိုသာ အာဏာရှင်လို့ လက်ညှိုးထိုးနေပေမဲ့ သူတို့ကိုယ်တိုင်လဲ အာဏာရှင် လမ်းစဉ်ကိုပဲ သေတဲ့အထိ ဆုပ်ကိုင်ကြတာပါပဲ။
တဖက်က ကြည့်ရင်လဲ NLD ပါတီ အနီအုပ်စုဟာ တပါတီအာဏာရှင်စံနစ်မှ မကျင့်သုံးရင် သူ့ NLD ပါတီအတွင်းပိုင်း နဲ့ တိုင်းရင်းသားတွေပါနေတဲ့ သူ့ရဲ့ အနီရောင်အုပ်စုကြီးကို ဘယ်လိုမှ ထိန်းချုပ်ထားလို့ ရမှာ မဟုတ်တဲ့အတွက် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ စစ်တပ် အာဏာသိမ်းတာကို ငုတ်တုတ် ထိုင်စောင့်နေလိုက်ကြတာ ပဲဖြစ်တယ်။
ဒါပေမဲ့ NLD အနီအုပ်စုဟာ သူတို့ရဲ့ ပါတီတွင်းပြဿနာတွေကို တိုင်းပြည်ရဲ့ ပြဿနာအဖြစ် ပုံဖေါ်ပီး စစ်တပ် နဲ့ တိုင်းပြည်ကို ရန်တိုက်ပေးပြီးတဲ့နောက်၊ သူတို့ရဲ့ အာဏာကို ဆက်လက် တည်ဆောက်နိုင်ဖို့အတွက် စစ်တပ်ကို ဖြိုချမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်နက်ကိုင်လမ်းစဉ်ကို စံနစ်တကျ တီထွင်ချမှတ် လုပ်ဆောင်ခဲ့ကြပြီ ဖြစ်တယ်။
စစ်တပ်ဖက်ကလဲ နိုင်ငံရေးသမားတွေ ယိုသမျှချေး သူတို့ ခေါင်းပေါ်ပဲ လာလာပီး စုနေတာဖြစ်လို့ သူတို့ အစဉ်တစိုက်ရပ်တည် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကိုတော့ ဆက်လက်ပီး အထိအခိုက် အပွန်းအပဲ့ ခံမှာမဟုတ်တော့ပါဘူး။ အသေအကြေ ခုခံ ကာကွယ် တိုက်ဖျက်ပီး တန်ပြန် တိုက်ခိုက် ချေမှုန်းမှာသာဖြစ်တယ်။
NLD လက်နက်ကိုင်တွေတိုက်လို့ စစ်တပ်ပြုတ်သွားမှာကို စိုးရိမ်ရအောင် စစ်တပ်ထဲမှာ ကိုမိုးစက်က နှမပေးပီး တော်ထားရတဲ့ ယောက်ဖ တယောက်မှ မရှိဘူး။ ဒါကြောင့် စစ်တပ်ကြီး ပြုတ်သွားမှာကိုလဲ မစိုးရိမ်ပါဘူး။ သွေးကောင်းလို့ ဒါးတောင်းကြတဲ့ပွဲ ဖြစ်လို့ ဘယ်ဘက်ကမှ နာစရာ မရှိပါဘူး။
ဒါပေမဲ့ စစ်တပ်ပြုတ်သွားလို့ကော NLD အနီအုပ်စု က သူတို့ စိတ်ကူးယဉ်ထားတာတွေကို လုပ်ချင်တိုင်း လုပ်ခွင့်ရမယ်ဆိုတာ သေချာလားလို့ မေးချင်ပါတယ်။
NLD အနီအုပ်စုဟာ စစ်တပ်များ ပြုတ်သွားရင် သူတို့က ဦးဆောင်သူ ဆရာကြီးနေရာကနေပီး နိုင်ငံသစ်ကြီးကို ဂျပန်တွေ ပြာပုံထဲက ရုန်းထသလို ကုန်းရုန်းထစေပြီး သူတို့စိတ်တိုင်းကျ ချယ်လှယ် တည်ဆောက်ကြမယ်လို့ စိတ်ကူးယဉ်နေပုံ ရပါတယ်။ စိတ်ကူးစိတ်သန်း ကောင်းတာကိုတော့ သဘောကျပါတယ်။
ဒါပေမဲ့ မြန်မာဆိုတဲ့ လူမျိုး နဲ့ ဘာသာ ဆိုတဲ့ အစဉ်အလာအပေါ်မှာ တန်ဖိုးထားကြတဲ့ တတိယ အင်အားစုတွေက ငြိမ်ငြိမ်လေးနေပီး NLD အနီအုပ်စုတွေ တမိုးလုံး ဖျောက်ဆိပ်လုပ်သမျှကို ခံနေကြမယ်လို့ ထင်နေကြတယ်ဆိုရင်တော့ ရူးနှမ်းမှု သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။
NLD အနီအုပ်စု အနေနဲ့ စစ်တပ်ပြုတ်ပြုတ် ပြုန်းအောင် အောင်တိုက်နိုင်ရင်တောင်မှာ စစ်တပ်ထက် အဆ ရာထောင်မက ပြင်းထန်တဲ့ တတိယအင်အားစုတွေရဲ့ လက်တုန့်ပြန်မှုကို ရင်ဆိုင်ကြရပါလိမ့်မယ်။
စာရင်းချုပ်ရင် အနီမြန်မာရော၊ အစိမ်းမြန်မာပါ ဖွတ်ဖွတ်ကြေပါလိမ့်မယ်။ အလုံးစုံပျက်စီးရေးစကား ကို ဘယ်သူပြောခဲ့သလဲဆိုတာ သတင်းမှတ်တမ်းတွေမှာ ပြန်ရှာကြည့်ပါ။
NLD ပါတီ အနီအုပ်စုရဲ့ အာဏာရမ္မက်တက် မိုက်မဲမှုတွေဟာ မြန်မာနိုင်ငံအတွင် မှီတင်းနေထိုင်နေတဲ့ ခရစ်ယာန် နဲ့ မွတ်စလင်ကဲ့သို့သော ဘာသာခြား လူနဲစုတွေအပေါ်မှာလဲ ကြီးမားတဲ့ ရိုက်ခပ်မှုတွေ ဖြစ်ပေါ်လာမှာဖြစ်သလို ဆင့်ကဲဖြစ်စဉ် အနေနဲ့ သူတို့ရဲ့ ဘဝ ရပ်တည်ရှင်သန်ရေး အတွက်ပါ များစွာအခက်အခဲတွေ ကြုံတွေ့လာကြရစရာ အကြောင်းရှိပါတယ်။
လောလောဆယ်တော့ ပြည်ပ မီဒီယာများရဲ့ သတင်းကို ကိုးကားပီး NLD အနီအုပ်စုက သူတွေကတော့ ကိုယ့်အသားပဲ့ပါ မသွားတိုင်း လူမှုကွန်ယက်တွေကတဆင့် တိုင်းပြည်မီးလောင်တိုက်ကျမဲ့အရေး ဝမ်းသာအားရ ဖြစ်ပြနေကြတာ ရွံစရာ၊ စိတ်နာစရာ ကောင်းလှပါတယ်။
တကယ်တမ်းပြောရလျှင်တော့ မြန်မာလူမျိုး အများစုဟာ
ဟင်းကို မွှေသော်ငြားလည်း ဟင်းရဲ့အရသာကို မသိတဲ့ ယမနေသား ယောင်းမလို၊ အလွန်ပြည့်စုံမွန်မြတ်တဲ့ ဗုဒ္ဓဘာသာ သာသနာ နဲ့ လက်ပွန်းတတီး နေရသော်ငြားလည်း ဗုဒ္ဓဘာသာ သာသနာရဲ့ အနှစ်သာရကို ခံယူ ကျင့်သုံးခြင်း မရှိကြတဲ့အတွက် မိမိတို့ရဲ့ လူနေမှုဘဝ အခြေခံအဆောက်အအုံကိုပြန်ပီး မျက်ကန်း တစ္ဆေမကြောက် ဖျက်ဆီးနေ ကြတာဖြစ်တယ်။
မြန်မာစစ်တပ်ဟာ မြန်မာ့နိုင်ငံရေးအခြေခံလူ့အဖွဲ့အစည်း ထဲကနေ၊ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ပီး ငြင်ငြင်သာသာ ဆုတ်ခွာဖို့ ပြင်ဆင်လျှောက်လှမ်းခဲ့ပေမဲ့ NLD ဦးဆောင်တဲ့ အနီအုပ်စုရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းနည်းပါးမှု နဲ့ အာဏာ လောဘ ရမ္မက်ကြောင့် နောင် အနှစ် နှစ်ဆယ် လောက်မှာ ရောက်နိုင်မဲ့ အခြေအနေကောင်း တခုကို နောင် အနှစ် နှစ်ရာ အကွာအဝေးအထိ ရောက်အောင် တွန်းရွှေ့ပစ်ခဲ့ကြပီ။
ဒါဟာ ကံခေလှတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်သစ် ဟင်္သာကိုးသောင်း ဇာတ်ထုတ်ပါပဲ။
အခုလို လူသားထု တရပ်လုံး ရင်ဆိုင်နေရတဲ့ ရောဂါကပ်ဘေး ဆိုက်ရောက်နေချိန်မှာတောင် မေမေလာမှဆိုပီး ကပ်ဖဲ့ရပ်ဖဲ့ လုပ်နေကြသေးတာဆိုတော့၊ မိမိတို့ တဦးချင်းစီပြုမူတဲ့ ကမ္မ အလုပ်ရဲ့ ကံအကျိုးပေးကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးသာ ခံစားလိုက်ကြပါတော့လို့ စိတ်မကောင်းစွာနဲ့ ပြောလိုတယ်။
# Credit.post
Присоединяйтесь — мы покажем вам много интересного
Присоединяйтесь к ОК, чтобы подписаться на группу и комментировать публикации.
Нет комментариев